close

ကုန်ကားထဲ ပြွတ်သိပ်လိုက်ပါလာသူများအပါအဝင် တရားမဝင်မြန်မာ ၂၅၃ ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ်လုံခြုံ မှုမရှိ၊ စားဝတ်နေရေး ခက်ခဲတာကြောင့် ထိုင်းနိုင်ငံထဲဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားကြတာမှာ နေ့စဉ်ရာနဲ့ချီ အဖမ်းခံနေကြရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်နေ့တွေက ကန်ကျနပူရီနဲ့ ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၅၃ ဦး (ကျား ၁၅၈ နဲ့ မ ၉၅)၊ လမ်းပြ ၅ ဦးနဲ့ကား ၂ စီး တို့ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ် Army PR Center သတင်းမှာ ဖော်ပြပါတယ်။ 

ကန်ကျနပူရီမှာဆိုရင် ၁၃၆ ဦး (ကျား ၈၂ နဲ့ မ ၅၄) ဦး ဖမ်းမိပြီး ကန်ကျနပူရမြို့နယ် ဘန့်ကောင်အုပ်စု၊ ဆိုင်းယုတ်မြို့နယ် ကျရခဲ့အုပ်စု၊ ဒန်မခန်တေ့မြို့နယ် ခေါင်ချန့်အုပ်စု ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စုထဲက နေရာပေါင်း ၅ ခုကနေ ဖမ်းမိခဲ့ကြောင်း၊ အဲဒီထဲမှာ ကုန်တင်ကားထဲ အလုံပိတ်ပြီး ပြွပ်သိပ်ကြပ်ညှပ်လိုက်လာသူတွေလည်း ပါတယ်လို့ ဆိုပါ တယ်။

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ထဲမှာတော့ ပရကျုတ်ခီရီခန်မြို့နယ် အောဝ်နွဲ့၊ ဘော်နုတ်၊ မာ့ခန်ဖုန်း၊ ကော်လတ် စတဲ့ကျေးရွာအုပ်စု ၄ ခုထဲကနေ  ၁၁၇ ဦး (ကျား ၇၆ ၊ မ ၄၁) ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရတွေဟာ ပဲခူး၊ မော်လမြိုင်၊ မြိတ်၊ မကွေး၊ ထားဝယ်၊ ရန်ကုန်၊ မန္တလေး စတဲ့ ဒေသကဖြစ်ပြီး ဘန်ကောက်၊ စမွတ်စခွန်းနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ လာရောက်လုပ်ကိုင်ဖို့ ပွဲစားအား တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ၂၅၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up