close

ဖေ့စ်ဘွတ်ခ်ပိုင်ရှင် Meta ကုမ္ပဏီ၏ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထိ ကျဆင်း

အမေရိကန်စတော့ဈေးကွက်မှာ ဖေဖော်ဝါရီ ၃ ရက်က ဖေ့စ်ဘွတ်ခ်ပိုင်ရှင် Meta ကုမ္ပဏီရဲ့ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထိ ထိုးစိုက်ကျဆင်းသွားတဲ့သတင်းက  နိုင်ငံတကာဈေးကွက်မှာ  အတော့်ကို ဂယက်ရိုက်ခဲ့ပါတယ်။ 

ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Apple နဲ့ Amazon တို့ အမြတ်တွေ ကြီးကြီးမားမား ရရှိနေချိန်မှာ Meta က သူ့ရဲ့ဈေးကွက်တန်ဖိုး ၅ ပုံ ၁ ပုံ၊ ဒေါ်လာ ၂၀၀ ဘီလီယံ ဆုံးရှုံးခဲ့တာပါ။

Wall Street စတော့ဈေးကွက်မှာ  ဖေ့စ်ဘွတ်ခ်စတင်ခဲ့တဲ့ ၂၀၁၂ ကတည်းဆိုရင် တရက်အတွင်း အကြီးမားဆုံး ဆုံးရှုံးမှုပါ။ Meta  ရှယ်ယာတန်ဖိုး ကျဆင်းမှုက ဥရောပ နည်းပညာစတော့ဈေးကွက်တွေကိုလည်း အများကြီး ရိုက်ခတ်ခဲ့ပါတယ်။ 

Meta ကုမ္ပဏီရဲ့ အစီရင်ခံချက်ကတော့ ပြိုင်ဘက် တရုတ် ByteDance ကုမ္ပဏီပိုင်ဆိုင်တဲ့ TikTok ဗီဒီယိုတွေကို ကမ္ဘာတဝန်းက လူငယ်တွေ ပိုမိုအသုံးပြုလာတာကြောင့် ပြီးခဲ့တဲ့သုံးလအတွင်း ဖေ့စ်ဘွတ်ခ် အသုံးပြုသူဦးရေ ကျဆင်းခဲ့မှု၊  Apple ကုမ္ပဏီ ရဲ့ privacy မူဝါဒအပြောင်းအလဲ လုပ်ဆောင်မှုနဲ့ ဖေ့စ်ဘွတ်ခ်လုပ်ငန်းအပေါ် အမေရိကန်ဗဟိုဘဏ်ရဲ့ တင်းကျပ်ထားမှုတို့ကြောင့်လို့ အပြစ်တင်ထားပါတယ်။ 

ကမ္ဘာ့ ဈေးကွက်သုတေသနကုမ္ပဏီ Vanda ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဖေ့စ်ဘွတ်ခ်ကနေ Meta ကုမ္ပဏီနာမည်ပြောင်းပြီးကတည်းက ရှယ်ယာတွေ တဖြည်းဖြည်း ထိုးဆင်းသွားခဲ့တယ်လို့ သုံးသပ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up