close

ရေးမြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၏ မိသားစုဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က  ရန်ကြီးအောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်က မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က  သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ အဆိုပါနေအိမ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသားငယ် အပါဝင် မိသားစုတွေပါ ဖမ်းဆီးခဲ့ဆောင်သွားပြီး ဘာကြောင့် ဖမ်းဆီးသွားခဲ့သလဲဆိုတာ မသိရသလို ပြီးခဲ့တဲ့ရက်တွေကလည်း ရွေး/ကော်မရှင်အဖွဲ့ဝင် ဒေါ်ညို အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ မတရားဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်တင်တာကြောင့် ဖမ်းဆီးခံရသူတွေ ရှိသလို PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရသူတွေလည်း ပါရှိခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ နေထိုင်သူ တယောက်က “အခုရက်ပိုင်းတွေမှာ စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေ တောက်လျှောက် ပြုလုပ်လာတယ်။ မြို့တွင်းမှာ ဆိုင်ကယ်ဖမ်းဆီးမှုတွေက တခါရှိလာပြန်တော့ လူကိုပါ ထောင် တလ ကျတဲ့အထိ ဖမ်းဆီးခဲ့လာတာ။ ဒါကြောင့် လူတွေ အသွားအလာမရှိကြတဲ့အပြင် ခြံထွက်ပစ္စည်းဈေးတွေ မရတဲ့တော့ဘဲ အရောင်းအဝယ်သမားတွေပါ ထိခိုက်ကျဆင်းသွားခဲ့တယ်”  ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့တဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူး၊ စာရေး စတာတွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် အခုရက်ပိုင်းမှာပိုပြီး ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အခုလို စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေ နေ့စဉ်နီးပါးလောက် ပြုလုပ်လာခဲ့တာကြောင့် မြို့ခံလူထုတွေကြားမှာ စိုးရိမ်စိတ်တွေ လွန်ကဲလာနေပါတယ်။

စစ်ကောင်စီတပ်က အခုလို ဖမ်းဆီးတာနဲ့ပတ်သက်လို့  ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ အသိပေး ပြောဆိုတာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up