close

ဆိပ်ဖြူမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၇ ဦးသေ၊ ဖမ်းဆီးခံရွာသားများကို PDF ကယ်ထုတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ပေါက်တောင်ပိုင်းPDFတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်သား ၇ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံ  SPPDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ရှောင်တခင်ဝင်ရောက်လာတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေ တိမ်းရှောင်ချိန်မရဘဲ အဖမ်းခံခဲ့ရပါတယ်။

ရှားလှရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာ တစ်ကြိမ် ညနေပိုင်းမှာတစ်ကြိမ်   SPPDF တပ်ရင်း(၂)က ဗိုလ်နားပေါင်း ဦးဆောင်တဲ့ အဖွဲ့က  လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖမ််းဆီးခံရွသားတွေကို ကယ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

SPPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ ကျနော်တို့ SPPDF က စစ်ကာင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလိုရွာထဲမှာ အင်အားနည်းနည်းချန်ပြီး ရွာပြင်ထွက်တဲ့အချိန်မှာ ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ကို ဝင်ရောက်ကယ်ထုတ်နိုင်ခဲ့ပြီး ၁၅ မိနစ်လောက် နှစ်ဖက်အပြန်လှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်”လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၇ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကာ SPPDF ဘက်က ရဲဘော်တစ်ယောက် ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

SPPDF တပ်ဖွဲ့က စစ်ကောင်စီတပ်တွေ သတ်ဖြတ်သွားတဲ့ အဘွားကို တစ်ယောက်ကိုလည်း ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးခဲ့ပြီး ဒေသခံရွာသား ၁၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up