close

အာဖရိကဖလားဗိုလ်လုပွဲတွင် ဆီနီဂေါအသင်းပထမဆုံးအကြိမ် ဗိုလ်စွဲ

အာဖရိကနိုင်ငံများဖလားဘောလုံးဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အီဂျစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။

ပွဲအစ ၇ မိနစ်ကတည်းက ဆီနီဂေါက ပယ်နယ်တီရခဲ့ပြီး မာနေးကန်သွင်းချက် ဂိုးမဝင်ခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရတာပါ။

အချိန်ပိုမိနစ် ၃ဝ မှာလည်း ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီကန်သွင်းပြီးဆုံးဖြတ်ခဲ့ရာမှာ ဆီနီဂေါက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အီဂျစ်ကပင်နယ်တီနှစ်ကြိမ်လွဲချော်ခဲ့ပြီး ဆီနီဂေါက တစ်ကြိမ်သာလွဲချော်ခဲ့ကာ အနိုင်ရရှိစေမယ့်နောက်ဆုံးပင်နယ်တီကို မာနေးက ကန်သွင်းပြီး ၄ ဂိုး ၂ ဂိုးနဲ့ ဆီနီဂေါက အနိုင်ရခဲ့တာပါ။

၁၉၅၇ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလားသမိုင်းမှာ ဆီနီဂေါအသင်းက  ၂၀၀၂ ခုနှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဗိုလ်လုပွဲ ၂ ကြိမ် တက်ရောက်ခဲ့ဖူးပေမဲ့ ဒုတိယဆုတွေနဲ့သာကျေနပ်ခဲ့ရတာပါ။

အခုနှစ်ပြိုင်ပွဲမှာ ဆီနီဂေါအသင်း ချန်ပီယံဖြစ်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။

ချန်ပီယံ ၇ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်း အီဂျစ်အသင်းကတော့ ဒီနှစ်ဗိုလ်လုပွဲမှာရူံးနိမ့်ခဲ့လို့ ၂၀၁၀ နောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up