close

မုံရွာမြို့ ၌ စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ   ဖေဖော်ဝါရီ ၆ ရက်က  အရပ်ဝတ်နဲ့ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီတပ်သားနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ညနေ ၅ နာရီဝန်းကျင်က မုံရွာမြို့ ထန်းတောအင်းစပ်၊ ကန်ပတ်လမ်းမှာ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အင်းစပ်အမှိုက်ပုံနားလေးမှာ ဆိုင်ကယ် CZI လေးနဲ့ အရပ်သားအသွင်ယူထားတာ။ တစ်ယောက်က ရဲ၊ နောက်တစ်ယောက်က စစ်သား၊ နှစ်ယောက်စလုံး သေနတ်နဲ့ ပစ်ခံရတာ။ အမှိုက်ပုံထဲမှာ သေနေတယ်။  သူတို့ သေပြီး မကြာဘူး၊ စစ်ကောင်စီတပ်တွေ ရောက်လာတယ်။ အလောင်းသယ်သွားတယ်” လို့ အနီးဝန်းကျင်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်သား တစ်ယောက်နဲ့ ရဲတစ်ယောက်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up