close

ရေးမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းဆီးမှု ပိုများလာ

မွန်ပြည်နယ် ရေးမြို့နယ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ  နေ့စဉ်နီးပါး ဖမ်းဆီးနေတာကြောင့် ဒေသခံတွေက  သွားလာရေး အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

လုံခြုံရေးအကြောင်းပြပြီး နယ်ဘက်က စီးလာတဲ့ ဆိုင်ကယ်တွေပါ စစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးနေပြီး ထောင်ဒဏ် ၁ လ ချမှတ်တဲ့အပြင် ငွေဒဏ်လည်း ဆောင်ခိုင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ဆိုင်ကယ်ပါ သိမ်းဆည်းခံရတာတွေ ရှိလာတော့ ဆိုင်ကယ်ကို အမှီပြုပြီး ခြံထွက်ပစ္စည်းနဲ့ တခြားပစ္စည်း သယ်ယူသွားလာနေတဲ့သူတွေမှာဆိုရင် အများကြီး  အခက်ခဲကြုံရတယ်။” 

ဈေးသည်တဦးက  “ဆိုင်ကယ်ဖမ်းတော့ နယ်က လူတွေ မလာရဲကြတော့ဘူး။ နယ်က လူတွေပဲ အဓိက ဈေးတွေ လာဝယ်ကြတယ်။ အခုလို ဈေးရောင်းရတဲ့ ကာလဆိုပေမယ့် အခုက စျေးဝယ် သူ မရှိတော့ အရောင်းအဝယ်က မကောင်းဘူး။ အရင်းက နည်းပေမဲ့ စားစရာဆိုတော့ နောက်နေ့ ကျန်သွားရင် ပြန်ရောင်းလို့ မရရင် အရှုံးပေါ်ပြီ” လို့ ပြောပါတယ်။

ရေး PDF က ရေးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်တွေက ဗုံးခွဲပစ်ခတ်ခဲ့တာတွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ ပြုလုပ်အပြီးမှာ ဆိုင်ကယ်စီးလာတဲ့သူတွေကို စစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

ရေးမြို့နယ်မှာ  ဒီနေ့အထိ တရားမဝင်လိုင်စင်မဲ့ ဆိုင်ကယ် ဖမ်းဆီးခံထားရတဲ့အမှု ဒါဇင်နဲ့ချီရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up