စစ်ကောင်စီနှင့်တိုက်ပွဲအတွင်း ရေး YGF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ YGF က အားထားရတဲ့ ဗိုလ် ကျန်ရစ် ခ စောဒိုးခမ်းမှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တယ်လို့ ရေး YGF က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ကျဆုံးသွားတဲ့ ဗိုလ်ကျန်ရစ် (ခ) စောဒိုးခမ်းရဲ့ အလောင်းပြန်ရယူဖို့ ကြိုးစားနေပြီး ရေး YGF က ရဲဘော်တပ်ဖွဲ့ဝင် နိုးနိုးဟာလည်း စစ်ကောင်စီတပ်ရဲ့ လက်ထဲမှာ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ ဗိုလ်ကျန်ရစ် (ခ) စောဒိုးခမ်းအား အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင်သွားမယ်လို့ ရေး YGF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာနဲ့အချိန်ကို ရေး YGF က ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေမဲ့ ရေး YGF တပ်ဖွဲ့ဝင်အားလုံး ဘေးကင်းလုံခြုံတဲ့နေရာကို ပြန်လည်ရောက်ရှိနေပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သွားတဲ့အထိ အသက်ပေး တော်လှန်သွားမယ်လို့ ဆိုပါတယ်။