close

CDM ယာယီရဲမှူး တင်မင်းထွန်း နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ကနေ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ယာယီရဲမှူး ဦးတင်မင်းထွန်းရဲ့ မြောက်ဥက္ကလာပမြိုနယ်၊ (စ) ရပ်ကွက်၊ သန္တာ ၄ လမ်း၊ အမှတ်၄၄၂ နေအိမ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ယာယီရဲမှူးတင်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြောက်ဥက္ကလာပမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူး ဝင်းမြတ်ကျော်၊ မြို့နယ်မှူးဖြစ်တဲ့ ယာယီရဲမှူး မြထွန်းကျော်တို့အဖွဲ့က လာရောက် ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

အခုလိုဖြစ်ရပ်မျိုးကို အစကတည်းက ကြိုတင်မျှောင်လင့်ထားပြီးဖြစ်တာကြောင့် ထွေထွေထူးထူး မခံစားရဘဲ တော်လှန်ရေးအောင်တဲ့အချိန်မှာ အခုချိပ်ပိတ်ထားတဲ့အိမ်က သူ့ရဲ့အိမ်ပဲ ဖြစ်တယ်လို့ ယာယီရဲမှူးတင်မင်းထွန်းက ပြောပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ရဲမှူးတင်မင်းထွန်းဟာ အကြမ်းဖက်အဖွဲ့တွေကို သင်တန်းပေးနေတာတွေအပြင် လက်ရှိ ရဲတပ်ဖွဲဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို လူမှုကွန်ရက်တွေပေါ်မှာ မဟုတ်မမှန်သတင်းတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်ပျက်ပြားအောင် ရည်ရွယ်ဆောင်ရွက်နေတာကြောင့်  နေအိမ်ကို ထိန်းသိမ်းရတာလို့ ရေးသားထားပါတယ်။

ယာယီရဲမှူးတင်မင်းထွန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်ရဲအရာရှိတွေထဲမှာ ပထမဆုံး လူထုဘက်ကရပ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့သူ ဖြစ်ပြီး CDM ပြုလုပ်ပြီးကတည်းက နေအိမ်ကို သော့ခတ်ပိတ်ထားခဲ့ပြီး မိသားစုလိုက် တိမ်းရှောင်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up