close

ဘားအံတက္ကသိုလ် ကျောင်းသား ၉ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ကရင်ပြည်နယ်၊ ဘားအံခရိုင်တရားရုံးက တက္ကသိုလ် ကျောင်းသား ၉ ယောက်ကို  ၁၁ လကျော် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်က နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက် က မွန်ပြည်နယ်၊ ဘီးလင်းဂိတ်မှာ ခရီးသွားရင် Skin Care လက်ဝယ်တွေ့ရှိမှုနဲ့ ဘားအံတက္ကသိုလ်ကျောင်းသား ၉ ယောက်နဲ့ ယာဉ်မောင်း ၁ ယောက် ဖမ်းဆီးခံခဲရပြီးနောက် ဘားအံမြို့မရဲစခန်းက တဆင့်  ဘားအံအကျဉ်းထောင်မှာ ၁၁ လကြာ ထိန်းသိမ်းခံခဲ့ရတာပါ။

စစ်ကောင်စီရဲ့ခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ တပ်မတော်တည်ငြိမ်ရေး နှောင့်ယှက်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (ဂ) ၊ တရားမဝင်ပို့ကုန်သွင်းကုန်ပုဒ်မ ၈ (ဆိုင်ကယ်လိုင်စင်မဲ့) တွေနဲ့ ထောင်ဒဏ် ၁၂ နှစ်နဲ့ ၁၃ နှစ် အသီးသီးအမိန့်ချမှတ်ခဲ့တာပါ။

ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက “ကျောင်းသားတွေက ခရီးသွားရင်း ဖမ်းခံရတာ။ မတရားပုဒ်မတွေနဲ့ ထောင်ချခံရတာ။ သူတို့ပါးစပ်ထဲကဥပဒေနဲ့ မကျေနပ်ရင် မကျေနပ်သလို တရားစွဲထောင်ချနေတာ။ ကျနော်တို့ ကျောင်းသားတွေကို အကြောက်တရားရှိအောင် ရည်ရွယ်ချက်ရှိရှိ ထောင်ချပြလိုက်တာ။ ၈၈ တုန်းကလို ရမယ်ထင်နေတာ။ ဖိလေ ကြွလေ။ တင်းလေ ရုန်းလေ။ ခြောက်လေ ပိုဆိုးလေပဲ။ ကျနော်တို့ခေတ်မှာ စစ်မိစ္ဆာတွေ နောက်ဆုံးဖြစ်ရမယ်။ ပြောရရင် စကစက ကျောင်းသားလူငယ်တွေကို အလိုလိုရင်ကို ကြောက်နေရပြီ”လို့ ဆိုပါတယ်။

အဆိုပါကျောင်းသားတွေကို အမိန့်ချမှတ်ပြီးတာနဲ့ တရားရုံးအတွင်းမှာတင် ကျောင်းသားတွေက သွေးသစ္စာသီချင်းသံပြိုင်သီဆိုခဲ့သလို အကျဉ်းထောင်းအပြန်လမ်းတလျှောက် သီဆိုသွားခဲ့တယ်လို့ မြို့ခံတွေကဆိုပါတယ်။

စစ်ကောင်စီရဲ့ ဘားအံခရိုင်တရားရုံးက သမိုင်း ဒုတိယနှစ်ကျောင်းသား မောင်ရဲထွဋ်ခေါင်၊ မောင်စေမာန်မှူး၊ ဓာတုဗေဒ ဒုတိယနှစ်ကျောင်းသား မောင်ဇော်ဝင်းထွဋ်၊ မြန်မာစာ ပထမနှစ်ကျောင်းသား ဟန်ဇော်မျိုး၊ သတ္တဗေဒ ပထမနှစ်ကျောင်းသား မျိုးမြန်မာအောင်၊ ဇီ၀ဗေဒ ပထမနှစ်ကျောင်းသား မောင်ချစ်ဝင်းထွန်း၊ သတ္တဗေဒ ပထမနှစ် ကျောင်းသား မောင်စောမင်းစိုး၊ ဇီ၀ဗေဒ ဒုတိယနှစ်ကျောင်းသား မောင်မင်းသူအောင်၊ စိတ်ပညာဒုတိယနှစ်ကျောင်းသား မောင်အောင်ကျော်မင်းနဲ့ ကားသမား ဦးဝင်းကိုကိုလတ်တို့ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ကရင်ပြည်နယ်အတွင်းက လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထားပြီး ထောင်ဒဏ်ချခံထားရသူ ရာနဲ့ချီရှိပြီး အကျဉ်းထောင်အတွင်း လူအခွင့်အရေးချိုးဖောက်ခံရတာ၊ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေတာတွေ ရှိတယ်လို့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up