နိုင်ငံတကာကုမ္ပဏီများပိတ်ရန် အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်တွင် ဆန္ဒပြ

အိန္ဒိယ ဂူဂျာရက်ပြည်နယ်မှာ ရာနဲ့ချီတဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေက နိုင်ငံစုံကုမ္ပဏီကြီးတွေ ပိုင်ဆိုင်တဲ့ စတိုးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ပါတယ်။
လတ်တလော အငြင်းပွားနေတဲ့ ကက်ရှ်မီးယားပြဿနာအပေါ် နိုင်ငံစုံကုမ္ပဏီတွေက ပါကစ္စတန်ဘက်က ထောက်ခံပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာကြောင့် အဝါရောင်ပဝါတွေ၊ သဘက်တွေ လွှမ်းခြုံထားတဲ့လူအုပ်က ဒေါသထွက်နေတာပါ။
ဆန္ဒပြသူတွေဟာ ဘတ်ဂျ်ရန်ဒေးလ် ဟိန္ဒူအမျိုးသားရေးအဖွဲ့ဝင်တွေဖြစ်ပြီး၊ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီနဲ့ ချိတ်ဆက်မှုရှိနေတာပါ။
ဂူဂျာရတ်ပြည်နယ်ဟာ ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိဖြစ်ပြီး ဟိန္ဒူမျိုးချစ်တွေ အားကောင်းတဲ့ဒေသပါ။
ပါကစ္စတန်ဘက်က ထောက်ခံရေးခဲ့တဲ့ ကုမ္ပဏီတွေမှာ ဟွန်ဒိုင်း၊ KIA ကားကုမ္ပဏီတွေနဲ့ Domino’s Pizza နဲ့ KFC ကြက်ကြော်ဆိုင်တို့ ပါဝင်ပါတယ်။
အဆိုပါကုမ္ပဏီတွေက ဖေဖော်ဝါရီ ၅ ရက် ပါကစ္စတန်နိုင်ငံရဲ့ ကက်ရှ်မီးယား သွေးစည်းညီညွတ်ရေးနေ့ကို ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပြီးနောက် ဟိန္ဒူမျိုးချစ်တွေရဲ့ အမျက်ဒေါသကို ကြုံနေရတာပါ။