close

အမေရိကန်သမ္မတနှင့် ရုရှားသမ္မတို့ ၁ နာရီကြာ ဖုန်းဖြင့် ဆွေးနွေး

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားတပ်တွေ ယူကရိန်းကို အချိန်မရွေး ကျူးကျော်လာနိုင်တယ်လို့ သတိပေးကြေညာပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်မှာ သမ္မတဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတပူတင်တို့ တနာရီကြာ ဖုန်းနဲ့စကားပြောခဲ့ပါတယ်။ 

ရုရှားဘက်က လုံခြုံရေးဆိုင်ရာတောင်းဆိုမှုတွေနဲ့ အမေရိကန်ဘက်က ယူကရိန်းရဲ့ အချုပ်အခြာပိုင်ခွင့် ဆွေးနွေးမှုတွေမှာ နှစ်ဖက်အဖြေမရ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

ဆွေးနွေးမှုမစတင်ကတည်းက ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူသွားမယ်၊ သံတမန်နည်းနဲ့ ပြဿနာကို ဖြေရှင်းပါလို့ ဘိုင်ဒင်က ပူတင်ကို အရှင်းလင်းဆုံး သတိပေးပြောမယ်လို့  အိမ်ဖြူတော်က တွစ်တာမှာ ရေးထားပါတယ်။ 

အမေရိကန်အစိုးရက သူ့ရဲ့သံရုံးဝန်ထမ်းတွေကိုလည်း ၄၈ နာရီအတွင်း ယူကရိန်းကထွက်ကြဖို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up