close

ရှမ်းပြည်နယ်မြောက်ပိုင်း PDFတပ်ဖွဲ့ စစ်ရေးမွမ်းမံသင်တန်း ပုံရိပ်များ (ဓာတ်ပုံ)

ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Northern Shan State Defence force  ) ရဲ့ စစ်ရေးဆိုင်ရာ မွမ်းမံသင်တန်း အပတ်စဉ် ၃ သင်တန်း မှတ်တမ်းပုံတွေကို ဖေဖော်ဝါရီ  ၁၃ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးမှာ အခက်ခဲများစွာကြောင့် တိုက်ပွဲဝင်ဖို့ နှောင့်နှေးနေပေမဲ့ မကြာခင် အချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အသေခံ ကျွန်တော်ကြီးတွေကို တိုက်ခိုက်ချေမှုန်းနိုင်မယ့် အချိန်ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ အများပြည်သူကို အသိပေးလိုက်ပါတယ်။

မွမ်းမံသင်တန်းကို ဒီဇင်ဘာလ ပထမ အပတ်ထဲမှာ စတင်သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ထဲမှာ သင်တန်းဆင်းဖို့ ရှိပါတယ်။

မွမ်းမံသင်တန်းတက်ရောက်သူ များပြားခဲ့ပြီး မိန်းကလေးတွေလည်း ပါဝင်တယ်လို့ ရှမ်းပြည်နယ်မြောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSSDF ရဲ့ပြန်ကြားရေး တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ 

အနာဂတ်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးအတွက် NSSDF တပ်ပေါင်းစုမှ ရည်ရွယ်ချက်တူတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့အတူ  ပူးပေါင်းတိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up