close

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိုလန်စစ်အခြေစိုက်စခန်းသို့ သွားရောက်

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် ဖေဖော်ဝါရီ ၁၈ ရက်က  ပိုလန်နိုင်ငံကို ရောက်ရှိပြီး ပိုလန်ကာကွယ်ရေးဝန်ကြီးနဲ့အတူ နှစ်နိုင်ငံ စစ်ရေးပူးတွဲအခြေစိုက်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ရေးတင်းမာမှုမြင့်တက်နေချိန်မှာ  ပိုလန်ကို Abrams တင့်ကား အစီး ၂၅၀ ရောင်းချပေးမယ်လို့ အော်စတင်က ပြောပါတယ်။

ပိုလန်ဟာ အမေရိကန်ရဲ့ ဒုံးကျည်အခြေစိုက်စခန်းဖြစ်လာဖို့ ရှိနေပြီး၊ လက်ရှိမှာ အမေရိကန်တပ်သား ၅၀၀၀ ကျော်နဲ့  ဖိုက်တာဂျက်လေယာဉ် အများအပြား တပ်စွဲထားတာပါ။

အော်စတင်က အမေရိကန်တပ်သားတွေနဲ့ ပိုလန်တပ်သားတွေကို တွေ့ဆုံအားပေးရာမှာ “မစ္စတာပူတင်ဟာ နေတိုးတပ်ဖွဲ့ အင်အားကြီးလာတာကို မမြင်ချင်ပါဘူး။ ဒါကြောင့်ပဲ သူက ရုရှားတပ်တွေ ရှေ့တိုးချဲ့ လုပ်ဆောင်နေတာပါ။ ပူတင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေတိုးတပ်ဖွဲ့တွေကတော့ အရှေ့ဥရောပကို အစွမ်းကုန် ကာကွယ်သွားမယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up