ရုရှားက တာဝေးပစ်ဒုံးကျည်ပစ်လွှတ် စစ်ရေးလေ့ကျင့်

ရုရှားက စစ်ရေးလေ့ကျင့်တဲ့အနေနဲ့ နျူကလီးယားစွမ်းရည်ပြ တိုက်ချင်းပစ် တာဝေးပစ်ဒုံးကျည် RS-24 ကို ဖေဖော်ဝါရီ ၁၉ ရက် စနေနေ့က ပစ်လွှတ်ခဲ့ပါတယ်။
ရုရှားနျူကလီးယားတပ်ဖွဲ့တွေ လေ့ကျင့်မှုတွေ ပြုလုပ်လာနေပြီး အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်တွေကို ပင်လယ်ပြင်နဲ့ မြေပြင်အခြေစိုက်ပစ်မှတ်တွေဆီ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ကရင်မလင်အစိုးရက ကြေညာပါတယ်။
သမ္မတပူတင်နဲ့ အိမ်နီးချင်းဘီလာရုဇ်သမ္မတ လူကာရှန်ကိုတို့က ဒုံးကျည်စမ်းသပ်လေ့ကျင့်မှုတွေကို တီဗီဖန်သားပြင်ကနေ အတူထိုင်စောင့်ကြည့်ခဲ့ပါတယ်။
ယူကရိန်းရဲ့ အရှေ့၊ တောင်နဲ့ မြောက်ဘက်တို့မှာ ရုရှားတပ်ဖွဲ့ ၁ သိန်းခွဲချထားပြီး လေးလဆက်တိုက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပြုလုပ်နေသလို ဘီလာရုဇ်မှာလည်း ရုရှားတပ် ထောင်သောင်းချီ တပ်စွဲပြီး နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်နေတာပါ။
ယူကရိန်းသမ္မတဇယ်လန်းစကီးက စနေနေ့က ဂျာမဏီနိုင်ငံ မြူးနစ်လုံခြုံရေး ကွန်ဖရင့်ကိုတက်ရောက်ခဲ့ပြီး အမေရိကန်ဒုသမ္မတ ကာမဲလာဟဲရစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားကစီစဉ်တဲ့ အာဏာသိမ်းမှု ဖြစ်ပေါ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ကိယက်ဗ်မြို့ကို အမြန်ပြန်လာခဲ့ရပါတယ်။