close

မိုးဗြဲတွင် တိုက်ပွဲပြင်းထန် ဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၃၀ ခန့်သေ

ရှမ်း-ကယားနယ်စပ်၊ ဒီးမော့ဆိုမြို့နယ်၊ ဝီသဲကူး (မြောက်ရွာ)မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အမြောက်အမြား ဒဏ်ရာရရှိကြောင်း  ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

မနေ့မနက် ၁၁ နာရီမှစတင်က တိုက်ပွဲ‌တွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်ကောင်စီဘက်က တိုက်လေ လေယာဉ် ၂ စင်းနဲ့  လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါတယ်။

ဒါ့အပြင် မနေ့ည သန်းခေါင်အချိန်မှာ စစ်ဖြစ်ပွားရာ မိုးဗြဲနဲ့ ဒီးမော့ဆိုဘက်ကို စစ်ကော်စီဘက်က လေယာဉ်တွေနဲ့ ထပ်မံလာရာက် ဗုံးကြဲမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ အလယ်ပိုင်းတိုင်း၊ လွိုင်ကော် PDF၊ KNDF နဲ့တခြား မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမှာ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်ပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးငယ်တွေအပြင် ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကရင်နီပူးပေါင်းတပ်ဘက်က ၂၀ ကျော်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ရွာ၊ ဝီတဲကူးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သလို လမ်းတလျှောက်လည်း မိုင်းထောင်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေလည်း စစ်ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် ကူညီကယ်ဆယ်မှုတွေ လိုအပ်နေပါတယ်။ ဒီတိုက်ပွဲကြောင့် အရပ်သားပြည်သူ တဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up