စစ်ကောင်စီ စစ်ဘက်ရေးရာလုံခြုံရေး တပ်ကြပ်အောင်ဇော်ထွဋ်ကို PDF ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေး တပ်ကြပ် အောင်ဇော်ထွဋ်ကို Eagles Army-HPDF က ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်လောက် မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းပိုင်း တစ်နေရာမှာ တပ်မတော်(ကြည်း) အမှတ် ၁ စစ်ဘက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်းက တပ်ကြပ်အောင်ဇော်ထွဋ် (တ-၅၂၄၄၄၈) ကို သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ Eagles Army-HPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တပ်ကြပ်အောင်ဇော်ထွဋ်ဟာ ရွှေဘိုမြို့မှာ အကြပ်တပ်ခွဲသင်တန်းဆင်းခဲ့တာ ဖြစ်ပြီး စစ်မှုထမ်းတာ ၅ နှစ်ကြာပြီလို့ သိရပါတယ်။