စမစ်ရိုးကို နံပါတ် ၉ တိုက်စစ်မှူးနေရာတွင် ထားကစားနိုင်ကြောင်း အာဆင်နယ်နည်းပြ ပြော

ကွင်းလယ်လူ စမစ်ရိုးကို နံပါတ် ၉ တိုက်စစ်မှူးနေရာမှာ ထားကစားနိုင်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
တိုက်စစ်မှူးအူဘာမီယန်းကို ဘာစီလိုနာအသင်းဆီ ထွက်ခွာခွင့်ပေးပြီးတဲ့နောက် နံပါတ် ၉ တိုက်စစ်မှူး ၂ ဦးသာ အာဆင်နယ်မှာ ကျန်ရှိပါတော့တယ်။
လာကာဇက်နဲ့ အန်ကီတီယာတို့ မကစားနိုင်ချိန်မှာ စမစ်ရိုးကို အထောင်တိုက်စစ်မှူးအနေနဲ့ အသုံးပြုနိုင်တယ်လို့ အာတီတာက ပြင်ဆင်ထားတာဖြစ်ပါတယ်။
အသက်၂၁နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူ စမစ်ရိုးဟာ ဘယ်တောင်ပံမှာလည်း နေရာပြောင်း ကစားနေရပေမယ့် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေပြီး ၁၀ ဂိုးသွင်း ယူထားပါတယ်။
“သူက ဘယ်တောင်ပံမှာ ကစားနိုင်သလို ကွင်းလယ်တိုက်စစ်ရဲ့ ဘယ်၊ ညာတွေမှာလည်း ကစားနိုင် ပြီးတော့ နံပါတ် ၉ နေရာမှာလည်း အလွန်ကောင်းမွန်အောင်ကစားနိုင်တယ်” လို့ နည်းပြအာတီတာက ပြောပါတယ်။
နောက်ထပ်ကွင်းလယ်လူ အိုဒီဂတ်ကိုလည်း အာတီတာက ချီးကျူးခဲ့ပြီး အသင်းခေါင်းဆောင် ဖြစ်နိုင်တဲ့ အရည်အချင်းတွေရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။