close

တော်လှန်ရေးရန်ပုံငွေထည့်ဝင်နိုင်မည့် နွေဦးဆေးခန်း Nway Oo Clinic ဖွင့်လှစ်မည်

အထူးကုဆရာဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တိုင်ပင်ဆွေးနွေးနိုင်မယ့် နွေဦးဆေးခန်း (Nway Oo Clinic) ကို ဖွင့်လှစ်မှာ ဖြစ်ပြီး အရိုး၊ အရွတ်၊ အကြောအဆစ်၊ ကြွက်သားဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာ ရောဂါတွေကို အွန်လိုင်းကနေ ပြသဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။

အွန်လိုင်းက ဖွင့်မယ့် နွေဦးဆေးခန်းမှာ အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ အထူးအကြံပေး ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်တို့နဲ့ ပြသဆွေးနွေးနိုင်မှာဖြစ်ပြီး ဆေးခန်းပြရင်း တော်လှန်ရေးရန်ပုံငွေကိုပါ တစ်ပါတည်း ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်တယ်လို့်လည်း သိရပါတယ်။

နွေဦးဆေးခန်း ရဲ့ Website လိပ်စာနဲ့ စတင်ဖွင့်မယ့်ရက်ကိုတော့ မကြာခင်ရက်ပိုင်းအတွင်း ကြေညာမယ်လို့လည်း ရေးသားထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up