ယူကရိန်းမြို့တော် ကီယက်ဗ်တွင် ကားတန်းရှည်ကြီးများဖြင့် ပြည်သူများ စစ်ဘေးရှောင်

ယူကရိန်းနိုင်ငံမြို့တော် ကီယက်ဗ်မှာ ပစ်ခိုက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် မြို့သူမြို့သားတွေ စစ်ဘေးလွတ်ရာကို ပြောင်းရွှေ့ထွက်ခွာဖို့ ကားတန်း ရှည်ကြီးတွေနဲ့ထွက်ခွာနေတဲ့ ဓာတ်ပုံတွေ နိုင်ငံတကာမီဒီယာတွေမှာ ထွက်ပေါ်လာပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုကြောင့် ကီယက်ဗ်မြို့မှာ ပေါက်ကွဲသံတွေ ကြားနေကြရပြီးနောက်မှာ ယူကရိန်းပြည်သူတွေ ဘေးလွတ်ရာ နိုင်ငံအနောက်ဘက်ကို ရွှေ့ပြောင်းကြဖို့ ကြိုးစားနေကြတာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတာပါ။
ဒီကနေ့ မနက်အစောပိုင်းမှာတော့ မြို့တော်ရဲ့ အရှေ့ဘက် ဘိုရီစပေးလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘက်ကနေ ပေါက်ကွဲသံတွေ ကြားခဲ့ရတာဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ တခြား သောမြို့တွေဖြစ်တဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့နဲ့ အိုဒက်ဆာဆိပ်ကမ်းမြို့တွေမှာလည်း ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
REF-CNN