ရုရှားကျူးကျော်စစ်ကို ဘူဂေးရီးယားနှင့် ရိုမေးနီးယားတွင် ဆန့်ကျင်ဆန္ဒပြ

3
ဘူဂေးရီးယားနဲ့ ရိုမေးနီးယားနိုင်ငံတွေမှာလည်း ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကို မနေ့က လူထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရုရှားသံရုံးတွေရှေ့မှာ ပိုစတာတွေ ယူကရိန်းအလံတွေ ကိုင်ဆောင်ပြီး “ပူတင် စစ်ကိုရပ်ပါ၊ ပူတင် ကျူးကျော်မှု ရပ်ပါ” လို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
ရိုမေးနီးယားဆိုင်ရာ ယူကရိန်းသံအမတ်က “ယူကရိန်း စစ်တပ်နဲ့ ပြည်သူတွေက ကျနော်တို့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်ပွဲကိုရပ်အောင် ဘက်ပေါင်းစုံက တားဆီးမှာပါ၊ ယူကရိန်းပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးမှာပါ” လို့ ပြောပါတယ်။