close

မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးနှင့် ပြန်/ဆက်ရုံး ဗုံးခွဲခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ ကြံ့ခိုင်ရေးပါတီရုံးနဲ့  ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးမှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

“မနက်အစောကြီး ၅ နာရီ လောက်က ပေါက်ကွဲသံ ကြားတာ။မိုးလင်းမှ ကြံ့ခိုင်ရေး ရေးရုံးနဲ့ ပြန်/ဆက်ရုံး ဗုံးခွဲခံရတယ် သိရတာ။ လူအသေ အပျောက်တော့ မကြားမိဘူး” လို့ ဒေသခံက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် ကြံ့ခိုင်ရေးရုံးနဲ့ ပြန်/ဆက် ရုံးကို ဒီနေ့မနက် ၅ နာရီလောက်က ညီနောင်အဖွဲ့ဖြစ်တဲ့ Human Right Defender (HRD)နဲ့ ပူးပေါင်းပြီး အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲခဲ့တာလို့ Generation  Z  Defence  Force (GZDF) အဖွဲ့က  ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up