ဧရာဝတီတိုင်း၌ တစ်လအတွင်း ကိုဗစ်ကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံး

ဧရာဝတီတိုင်းမှာ ဖေဖော်ဝါရီလအတွင်း ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသူ အနည်းဆုံး ၁၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ တတိယပတ်ထဲမှာ သေဆုံးတာများပြီး အများစုကတော့ ရောဂါအခံရှိတဲ့သူတွေ ဖြစ်တယ်လို့ ပရဟိတအသင်းအဖွဲ့တွေဆီက သိရပါတယ်။
“အများစုကတော့ ရောဂါအခံရှိတဲ့သူတွေပေါ့။ ဒီတစ်ခေါက်က သိပ်မပြင်းထန်တော့ ကူးတာများပေမယ့် သေတာ နည်းတယ်၊ အဲဒါကြောင့်လည်း ဒီလောက်ခံသာနေတာ” လို့ ပုသိမ်မြို့ခံပရဟိတသမားတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ကိုဗစ်ကူးစက်ခံရပြီး ပုသိမ်မြို့မှာ ၇ ဦး၊ မြောင်းမြမြို့မှာ ၃ ဦး၊ ရေကြည်မြို့မှာ ၁ ဦးနဲ့ ဝါးခယ်မ မြို့မှာ ၁ ဦး သေဆုံးခဲ့တာလို့ ကျန်းမာရေးဌာနက သိရပါတယ်။
အာဏာသိမ်းစစ်တပ်က တကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမယ့် မြို့နယ်တော်တော်များများမှာ လူထောင်နဲ့ချီပြီး ရောဂါကူးစက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။