close

ပင်နယ်တီ အဆုံးအဖြတ်တွင် ကတ်ပါကို အသုံးပြုခဲ့သည့်အပေါ် နောင်တမရဟု ချဲလ်ဆီးနည်းပြပြော

ကရာဘောင်ဖလားဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးသမား ကတ်ပါကို အသုံးပြုခဲ့တဲ့အပေါ် နောင်တရမှာမဟုတ်ကြောင်း ချဲလ်ဆီးနည်းပြ တူချယ်ကပြောပါတယ်။

ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ဗိုလ်လုပွဲစဉ်မှာ အချိန်ပိုအထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ပြီး လီဗာပူးက ၁၁ ဂိုး ၁၀ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ဟာ ဂိုးသမား မန်ဒီကို အချိန်ပိုအထိ အသုံးပြုခဲ့ပေမဲ့ ပင်နယ်တီ အဆုံးအဖြတ်ခံယူရမယ့်အချိန်မှာ မန်ဒီကို ဂိုးသမား ကတ်ပါနဲ့ လူစားလဲခဲ့တာပါ။

ကတ်ပါဟာ လီဗာပူးအသင်းရဲ့ပင်နယ်တီ ၁၀ ကြိမ်ကို မကာကွယ်နိုင်ခဲ့သလို ၁၁ လုံး မြောက်ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းခဲ့ရာမှာလည်း ဂိုးဘားပေါ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်။

ကတ်ပါကို အသုံးပြုခဲ့တဲ့အပေါ်မှာ နောင်တရစရာမရှိကြောင်း၊ ရလဒ်အပေါ် စိတ်ပျက်ခဲ့ရပေမယ့်လည်း အပြစ်တင်မယ်ဆိုရင် ဆုံးဖြတ်ချက်ချခဲ့တဲ့ မိမိကိုပဲ အပြစ်တင်သင့်ကြောင်း နည်းပြ တူချယ်က ပြောပါတယ်။

ဂိုးသမား မန်ဒီကို ဆက်ပြီးအသုံးပြုခဲ့မယ်ဆိုရင်လည်း ဘယ်လိုရလဒ်ထွက်မလဲဆိုတာ ပြောလို့မရတာကြောင့် ကက်ပါကို အပြစ်တင်ဖို့ မသင့်ကြောင်း နည်းပြတူချယ်က ကာကွယ်ပြောသွားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up