ချဲလ်ဆီး တိုက်စစ်မှူးများ ရုန်းကန်ရလေ့ရှိသည်ကို မရှင်းပြတတ်ကြောင်း နည်းပြတူချယ် ပြော

ချဲလ်ဆီးအသင်းသမိုင်းမှာ တိုက်စစ်မှူးတွေ ရုန်းကန်ရလေ့ရှိပြီး ဘာကြောင့်လဲဆိုတာ မရှင်းပြတတ်ကြောင်း နည်းပြတူချယ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဖာနန်ဒိုတောရက်စ်၊ ရှက်ဖ်ချန်ကိုနဲ့ မိုရာတာတို့လို နံပါတ် ၉ တိုက်စစ်မှူးတွေ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။
လက်ရှိအချိန်မှာလည်း တိုက်စစ်မှူး လူကာကူက မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သေးဘဲ ဖြစ်နေတာပါ။
နည်းပြတူချယ်ကတော့ ချဲလ်ဆီးအသင်းသမိုင်းမှာ တိုက်စစ်မှူးတွေ ရုန်းကန်ခဲ့ရတာကို သိပေမဲ့ ဘာကြောင့်လဲဆိုတာ သေချာမသိကြောင်း၊ တိုက်စစ်မှူးတွေဆီကနေ ခံစစ်စွမ်းဆောင်ရည် ရှိဖို့လည်း အလိုရှိကြောင်း နည်းပြတူချယ်က ပြောပါတယ်။
“အသင်းသမိုင်းမှာ တိုက်စစ်မှူးတွေ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာရှိတဲ့အတွက် ဒီနေရာက သူတို့အတွက် အလွယ်ကူဆုံးနေရာ မဟုတ်တာက ရှင်းလင်းပါတယ်။ ဘာကြောင့် ခြေစွမ်းမပြနိုင်ခဲ့ကြတာလဲ ဆိုတာတော့ သေချာမသိဘူး။ လက်ရှိအချိန်မှာ တိုက်စစ်မှူးတွေအတွက် အခွင့်အရေးဖန်တီးနိုင်မှုနဲ့ ပတ်သက်ပြီး ရုန်းကန်နေရကာ ဒါက ရှည်လျားတဲ့ ဘောလုံးရာသီတစ်ခုမှာ ပုံမှန်ဖြစ်စဉ်တစ်ခုပဲ ဖြစ်နိုင်တယ်” လို့ နည်းပြတူချယ်က ပြောပါတယ်။
လူကာကူဟာ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ဘောလုံးထိချက် ၆ ကြိမ်ပဲရှိခဲ့ပေမယ့် အဲဒီအပေါ် ဟာသလုပ်နေလို့မရဘဲ ကာကွယ်ပေးသွားဖို့ လိုတယ်လို့လည်း တူချယ်က မှတ်ချက်ပေးခဲ့ပါတယ်။