“ရုရှားသမ္မတရဲ့တွက်ကိန်း မှားသွားပြီ” – အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

“ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ တွက်ကိန်း မှားသွားပြီ၊ ကျနော်တို့ အဆင်သင့်ဖြစ်ပြီးသား” လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မတ်လ ၁ ရက်နေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောလိုက်ပါတယ်။
ယူကရိန်းပြည်သူတွေကို တိုက်ခိုက်မှုအတွက် ဘိုင်ဒင်က ပူတင်ကို အောက်လွှတ်တော် အစည်းအဝေးအတွင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။
ပူတင်ဟာ စစ်ပွဲဟန့်တားရေး အားထုတ်မှုတွေကို လျစ်လျူရှုခဲ့တယ်လို့လည်း ဘိုင်ဒင်က ပြောပါတယ်။
ဘိုင်ဒင်ဟာ သမ္မတသက်တမ်း တနှစ်အတွင်း စီးပွားရေး အမြန်တိုးတက်လာတဲ့အပြင် အမေရိကန်ဒေါ်လာ ထရီလျံချီ အစီအစဉ်သစ်တွေကို ချမှတ်ခဲ့ပေမယ့် နှစ်ပေါင်း လေးဆယ်အတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတာပါ။
ဘိုင်ဒင်ရဲ့ စိန်ခေါ်မှုဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က ပြီးဆုံးခဲ့တဲ့ စစ်အေးခေတ်ကတည်းကနေ အခုထိ ကြားကာလထဲ ရုရှားနဲ့ အတင်းမာဆုံး ဆက်ဆံရေးကို တုံ့ပြန်တဲ့ အနောက်နိုင်ငံတွေထဲမှာ သူက ထိပ်ဆုံးမှာရှိနေတယ် ဆိုတာကို အမေရိကန် ပြည်သူတွေကို ပြသလိုက်တာပဲလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ယူကရိန်းအပေါ် ရုရှားက ကျူးကျော်မှုဟာ အမေရိကန်တပ် စစ်မြေပြင်မလွှတ်ဘဲ ဖြစ်ရပ်ကို တုံ့ပြန်တဲ့ ဘိုင်ဒင်ရဲ့စွမ်းရည်ကို စမ်းသပ်တာလို့ ဆိုပါတယ်။