ရုရှားကျူးကျော်စစ်ထောက်ခံသည့် ဗင်နီဇွဲလားအစိုးရကို အတိုက်အခံများ ဆန္ဒပြ

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ရုရှားကျူးကျော်စစ်ကို ထောက်ခံကြောင်း ကြေညာခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို ဦးဆောင်ပြီး ကာရာကက်စ်မြို့မှာ မတ် ၃ ရက်က စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတဦးက “ ရုရှားက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို ဆန့်ကျင်ဖို့ ဒီမှာ လာစုဝေးကြတာပါ၊ အာဏာရှင်ပူတင်ရဲ့ အချုပ်အခြာနိုင်ငံတနိုင်ငံထဲ ဝင်ရောက်ကျူးကျော်တာကို ဆန့်ကျင်ပါတယ်၊ ယူကရိန်းပြည်သူတွေနဲ့ ကျနော်တို့နဲ့ အတူရှိတယ်” လို့ ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို က “ဗင်နီဇွဲလားမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တိုက်ပွဲ ဝင်နေသူတွေက ယူရိန်းပြည်သူတွေနဲ့ တသားထဲ ရှိပါတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရဲဝံ့သတ္တိရှိတဲ့ခေါင်းဆောင်မှုအတွက် စံပြဖြစ်တယ်” လို့ ပြောပါတယ်။
ဗင်နီဇွဲလား မာဒူရို အစိုးရကတော့ ရုရှားရဲ့အနီးဆုံးမိတ်ဆွေဖြစ်နေပြီး ယူကရိန်းအရေးအတွက် နေတိုးနဲ့ အမေရိကန်ကို အပြစ်တင်နေတာပါ။