မန်ယူနည်းပြလျာထားစာရင်းတွင် ဖာဂူဆန် ထောက်ခံချက်ပေးထားသည့် အန်စလော့တီ ပါဝင်

မန်ယူအမြဲတမ်းနည်းပြသစ် လျာထားစာရင်းမှာ ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင် ထောက်ခံချက် ပေးထားတဲ့ အန်စလော့တီ ပါဝင်လာတယ်လို့ သိရပါတယ်။
ESPN သတင်းမှာ ဖော်ပြချက်အရ ဖာဂူဆန်ဟာ အီတလီနည်းပြ အန်စလော့တီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို မခေါ်ယူနိုင်ခဲ့ပါက အန်စလော့တီအား ခေါ်ယူဖို့ ထောက်ခံချက်ပေးထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်နေတဲ့ အန်စလော့တီဟာ ပရီးမီးယား လိဂ်ကလပ် အဲဗာတန်အသင်းအပြင် ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ ချန်ပီယံဆုဖလားတွေ ရယူပေးခဲ့ပါတယ်။
ဒါ့အပြင် အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားနှစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ပိုချက်တီနို၊ အေဂျက်ဇ်နည်းပြတန်ဟက်ချ်တို့နဲ့ အဆင်မပြေပါက အသက် ၆၂ နှစ်ရှိ အန်စလော့တီကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ပိုချက်တီနိုကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သတင်း ထွက်နေပါတယ်။