close

စစ်မှုမထမ်းမနေရစနစ်ကြောင့် စစ်ထဲရောက်လာသူများကို ယူကရိန်းတွင် မသုံးဟု ပူတင် ပြော

ရုရှားဟာ စစ်မှုမထမ်းမနေရ စနစ်ကြောင့် စစ်တပ်ထဲရောက်နေတဲ့ စစ်သားတွေကို ယူကရိန်းစစ်ပွဲမှာ သုံးမှာမဟုတ်ဘူးလို့ သမ္မတဗလာဒီမီယာပူတင်က မတ်လ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ကြိုတင်စာရင်းပေးသူတွေကိုလည်း ထပ်ခေါ်မှာ မဟုတ်ဘူးလို့ ပူတင်က နိုင်ငံတကာ အမျိုးသမီးများနေ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ရုရှားက ယူကရိန်းအပေါ် စစ်ရေးအရ ဝင်ရောက်ကျူးကျော်မှုအပေါ် အမေရိကန် အပါအဝင် ကမ္ဘာ့ထိပ်တန်း နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ ရုရှားဒုဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဝက်ခ် ကတော့ ရုရှားဟာ ဂျာမနီကို သဘာဝဓာတ်ငွေ့ ပို့နေတဲ့ နော့ဒ်စထရင်းမ်ဝမ်း ဓာတ်ငွေ့ပိုက်လိုင်းကို ဖြတ်တောက်နိုင်တယ်လို့ မတ်လ ၇ ရက်ည ရုပ်သံမိန့်ခွန်းမှာ ပြောဆို သတိပေးလိုက်ပါတယ်။

ဥရောပစွမ်းအင်အကျပ်အတည်းနဲ့ နော့ဒ်စထရင်းမ်တူး ဓာတ်ငွေ့ပိုက်လိုင်းကို ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အခြေအမြစ်မရှိ စွပ်စွဲချက်အတွက် ဒီလိုပိတ်ဆို့တာဟာ တရားမျှတတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up