close

မာရီပိုလ်မြို့ ကလေးသားဖွားဆေးရုံကို ရုရှားက ဗုံးကြဲတိုက်ခိုက်

ပိတ်မိနေတဲ့ ထောင်သားချီ အရပ်သားတွေ ထွက်နိုင်ဖို့ အပစ်ရပ်စဲရေး သတ်မှတ်ထားတဲ့ မာရီပိုလ်မြို့ရှိ ကလေးနဲ့ သားဖွားဆေးရုံကို မတ် ၉ ရက်နေ့မှ ရုရှားတပ်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။ 

ယူကရိန်းသမ္မတဇလန်းစကီးက “မိခင်နဲ့ ကလေးဆေးရုံကို  တိုက်ရိုက်ဗုံးကြဲချတာ၊ ဆေးရုံအပျက်အစီးအောက်မှာ မိခင်တွေရော ကလေးငယ်တွေရော ရှိနေတယ်။ ရုရှားတွေ အင်မတန် ရက်စက်ယုတ်မာ အောက်တန်းကျလွန်းတယ်” လို့ တွစ်တာပေါ်မှာ ရေးထားပါတယ်။ 

ဇာလန်းစကီးက Instagram အကောင့်ကနေလည်း ဆေးရုံနံရံတွေ၊ တံခါးတွေ၊ ကားတွေ ပျက်စီးနေတဲ့ ဗွီဒီယိုကို တင်ထားပါတယ်။ 

မြို့အုပ်ချုပ်ရေးမှူးက ကလေးမွေးဖွားလုဆဲ မိခင်တွေအပါအဝင် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ 

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပီစကော့က အထူးစစ်ဆင်ရေး လုပ်ဆောင်နေခြင်းသာဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up