close

ယင်းမာပင်တွင် စစ်​တပ်နှင့် PDF ပူး​ပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့​မှာ မတ် ၁၃ ရက် ညပိုင်းက စစ်​ကောင်စီတပ်နဲ့ ​ဒေသခံ PDF ပူး​ပေါင်းအဖွဲ့​တို့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့ အထက်တန်း​ကျောင်းဝင်းအတွင်းမှာ ဝင်​ရောက်တပ်စွဲ​နေတဲ့ စစ်​ကောင်စီ တပ်ဖွဲ့​တွေကို မတ် ၁၃ ရက် ည ၉ နာ​ရီ​ကျော်​လောက်မှာ ဒေသခံ PDF အဖွဲ့​တွေက ဝင်​ရောက်တိုက်ခိုက်ရာက​နေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ​ဒေသခံတွေက ​ပြောပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁ နာရီဝန်းကျင်လောက်ထိ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာကြောင့် အနီးအနားက ပြည်သူ​တွေ ညတွင်းချင်း ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီ​နောက် မီး​လောင်ကျွမ်းမှု​တွေပါ ဖြစ်​ပေါ်ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ (တစည) ရုံး အပါအဝင် မိတ္တူဆိုင်နဲ့ ဆိုင်ကယ်ဝပ်​ရှော့ဆိုင်တို့ မီး​​လောင်ပျက်စီးသွားခဲ့တယ်လို့ ​ဒေသခံ​​တွေက ​ပြောပါတယ်။ 

မီး​လောင်ကျွမ်းရတာဟာ လက်နက်ကြီး ကျ​ရောက်​ပေါက်ကွဲမှု​ကြောင့် ဖြစ်နိုင်တယ်လို့ ​ဒေသခံ​တွေက ခန့်မှန်း​ပြောဆို​နေကြပြီး နှစ်ဖက်ထိခိုက်မှုအ​ခြေအ​နေကို​တော့ မသိရ​သေးဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်​တွေက ယင်းမာပင်မြို့နယ်အတွင်း ရွာစဥ်ထိုး​ လှည့်လည်​မွှေ​နှောက်​ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်ခဲ့သလို နေအိမ်​တွေလည်း မီးရှို့ဖျက်ဆီး​နေတဲ့အဖွဲ့ဖြစ်တယ်လို့ ​​ဒေသခံ​တွေက ပြောပါတယ်။ 

အဲဒီအဖွဲ့ဟာ မတ် ၁၃ ရက်​နေ့မှာ​ ယင်းမာပင်မြို့အတွင်းကို ​ရောက်ရှိလာခဲ့ပြီး အထက စာသင်​ကျောင်းဝင်းထဲမှာ ဝင်​ရောက်တပ်စွဲ​နေထိုင်ခဲ့တာလို့ ​ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up