close

ယင်းမာပင်တွင် စစ်​ကောင်စီတပ်ပစ်ခတ်မှု​ကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ထန်းဇင်​ကျေးရွာမှာ မတ် ၁၃ ရက် မနက်ပိုင်းက စစ်​ကောင်စီတပ်ရဲ့ပစ်ခတ်မှု​ကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အ​နေထား ရှိတယ်လို့ သိရပါတယ်။

ကျည်ထိမှန်ခံရတဲ့သူဟာ စစ်​ကောင်စီတပ်ဖွဲ့​​တွေ ​ထန်းဇင်ကျေးရွာဘက်ကို လာ​နေစဥ်အတွင်း သူ့ရဲ့ က​လေးငယ်ကို ​ပွေ့ချီ​ပြေးရာက​နေ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ပစ်ခတ်ခံရသူဟာ ဝမ်းဗိုက်​ပေါက်ထွက် အူထွက်တဲ့အထိ ဒဏ်ရာရရှိခဲ့ပြီး သူ့​ပွေ့ချီခဲ့တဲ့ က​လေးငယ်က​တော့ ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ 

လက်ရှိအချိန်မှာ ကျည်ထိမှန်ခံရတဲ့ က​လေးရဲ့ဖခင်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အ​နေအထား ရှိ​နေတယ်လို့ သိရပါတယ်။

ဘန့်​ဘွေးရွာမ​​ ကျေးရွာအတွင်းမှာ တပ်စွဲ​နေထိုင်တဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ မတ် ၁၃ ရက် မနက်ပိုင်း ၁၀ နာရီလောက် ထန်းဇင်​ကျေးရွာဘက်ကို ​သေနတ်တွေ ပစ်​ဖောက်ပြီး ရုတ်တရက်ဝင်​ရောက်လာခဲ့တာ​ကြောင့် ​ကျေးရွာအတွင်းရှိ ပြည်သူ​တွေဟာ ​ကြောက်လန့်တကြီး ထွက်​ပြေးခဲ့ကြရတယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှု​ကြောင့် ပြည်သူ​ သေဆုံးတာ​တွေ များလာနေသလို ​နေအိမ်​​တွေလည်း မီးရှို့ခံ​နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up