close

မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၄ လမ်း၊ ၁၀၄ လမ်း နဲ့ ၁၀၅ လမ်းကြားရှိ အောင်ပင်လယ်ရပ်ကွပ်အုပ်ချုပ်ရေးရုံးဝန်းအတွင်းမှာ မတ်လ ၁၂ ရက် ည နာရီခွဲလောက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အမည်မသိ အမျိုးသား ၂ ဦးက ရပ်ကွက်ရုံးကို ဗုံးနဲ့ပစ်ခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ရုံးဝန်းထဲမှာ လူနေတယ်။ နေတာက အကွက်မှူး မိသားစုဖြစ်မယ်။ ဗုံးနဲ့ အပစ်ခံရတော့ ဗုံးစစင်ပြီး အမျိုးသမီး ထိသွားတယ်” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်သား တချို့ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၂ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၀ လမ်း၊ ၅၅ လမ်း နဲ့ ၅၆ ကြားရှိ (ဆ)ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထရန်ဖော်မာ ပျက်စီးသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up