close

မယ်ကမ္ဘာအလှမယ်သရဖူဆု ပိုလန်အလှမယ် ဆွတ်ခူးရရှိ

မတ်လ ၁၆ ရက် ဒီကနေ့ ကျင်းပတဲ့ မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲမှာ ပိုလန်နိုင်ငံကိုယ်စားပြု အလှမယ် ကာရိုလီးနား ဘီးရဲလော်စကာက အလှမယ်သရဖူကို ဆွတ်ခူးရရှိသွားပြီး မြန်မာနိုင်ငံက အလှမယ်ကတော့ စစ်အာဏာသိမ်းမှုတွေနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် သွားရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့ပါဘူး။

ဒီအလှမယ်ပြိုင်ပွဲကတော့ နိုင်ငံတကာမှာ သက်တမ်းအရှည်ကြာဆုံး အလှမယ်ပြိုင်ပွဲတွေထဲက တခုဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာ ကျင်းပဖို့ ပြင်ဆင်ထားတာကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပြီး အခုနှစ်မှာတော့ အကြိမ် ၇၀ မြောက်အဖြစ် ပေါ်တိုရီကို၊ ဆဲန်ဟွားန်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ နိုင်ငံတကာ အလှမယ်ပေါင်း ၉၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ပိုလန်နိုင်ငံအလှမယ်အနေနဲ့ နှစ်ပေါင်း ၃၀ ကျော်အကြာမှသာ ဒုတိယအကြိမ် ပြန်လည်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါ တယ်။ 1st Runner Up ဆုကိုတော့ အမေရိကန် အလှမယ်နဲ့ 2nd Runner Up ဆုကိုတော့ ကို့ဒီဗွားအလှမယ်တွေက ဆွတ်ခူးရရှိခဲ့ကြတာဖြစ်ပြီး အင်ဒိုနီးရှား၊ မက္ကဆီကိုနဲ့ မြောက်အိုင်ယာလန်အလှမယ်တွေ ပါဝင်ခဲ့ ကြတာ ဖြစ်ပါတယ်။

Miss World မယ်ကမ္ဘာအလှမယ် ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်တွေအနေနဲ့ ၂၀၁၄ ခုနှစ်ကစတင်ကာ ၂၀၁၉ ခုနှစ်အထိ အလှမယ် ဝိုင်းလေး၊ ခင်ရတနာသိန်းမြင့်၊ မြတ်သီရိလွင်၊ အိကျော့ခိုင်၊ ဟန်သီ၊ ခေတ်လင်းလက်ယွန်းတို့က ဆက်တိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်ရှိ လာနေခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေအပါအဝင် ကဏ္ဍအသီးသီးမှာ ကျဆင်းနေခဲ့တာမို့ အခု နှစ်ရဲ့ အလှမယ်ပြိုင်ပွဲကို စေလွှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up