ဂျပန်တွင် ပြင်းအား ၇ ဒသမ ၃ ရှိ ငလျင်လှုပ်ခတ်၊ အိမ်ခြေ ၂ သန်း မီးပျက်

ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်မှာ မတ် ၁၆ ရက် ညသန်းခေါင်က ပြင်းအားပမာဏ ၇ ဒသမ ၃ ရှိ အင်အားကြီးငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၈၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ငလျင်ဗဟိုချက်ကနေ တိုကျို အရှေ့မြောက်ဘက် ကမ်းရိုးတမ်း မိုင် ၁၇၀ အထိ လှုပ်ခတ်ခဲ့ပြီး လူနေအိမ် ၂ သန်းကျော် မီးပြတ်တောက်သွားပါတယ်။
ဂျပန်ငလျင်စောင့်ကြည့်ရေးဌာနက ဖူကူရှီးမား ဒိုင်ချီ နျူကလီးယား လျှပ်စစ်ဓာတ်ပေါင်းဖိုနဲ့ တခြားဓာတ်ပေါင်းဖိုတွေ ပုံမှန်ရှိမရှိ အရေးပေါ်စောင့်ကြည့်ဖို့ သတိပေးထားပါတယ်။
အဆိုပါ ဓာတ်ပေါင်းဖိုတွေက ၂၀၁၁ ခုနှစ်မှာ ပြင်းအားပမာဏ ၉ ရှိတဲ့ ငလျင်ကြောင့် ဆူနာမီလှိုင်း ရိုက်ခတ်မှု ခံခဲ့ရတာပါ။
ဒီနေ့မှာ အစိုးရက ဆူနာမီလှိုင်း ၃ ပေကျော်ထိ မြင့်တက်မယ်လို့ သတိပေးချက် ထုတ်ပြန်ထားပြီး အချို့နေရာတွေမှာ ရေလှိုင်း ၈ လက်မလောက် မြင့်တက်လာနေပါတယ်။