ကော့ကရိတ်တွင် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ မတ် ၁၈ ရက် ဒီကနေ့ ၆ နာရီခွဲကစလို့ တိုက်ပွဲဖြစ် နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီဘက်က နယ်မြေကျူးကျော်လာတဲ့အတွက် ခုခံစစ်အနေနဲ့ ပြန်တိုက်ခိုက်တာဖြစ်ကြောင်းနဲ့ ကိုယ်နယ်မြေမှာ ကိုယ်နေပါက အခုလို တိုက်ပွဲဖြစ်ဖို့ အကြောင်းမရှိဘူးလို့ KNU / KNLA တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာတဲ့ အခြေအနေကို မသိရသေးပါဘူး။ လတ်တလော စစ်ကောင်စီဘက်က ဒေသခံတွေကို ရွာပြင်မထွက်ဖို့ အသိပေးထားပြီး KNLA ဘက်ကလည်း ရွာတွင်းတိုက်ပွဲ မဆင်နွှဲဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
မတ် ၁၄ ရက်က ကော့ကရိတ်မြို့မှာလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ် အမှတ် ၉၇ တပ်ခွဲရှိရာ လက်နက်ကြီးကုန်းကို အမည်မသိလက်နက်ကိုင်တွေက သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံးကာ လက်နက်ငယ် တချို့ သိမ်းပိုက်ရမိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်ကောင်စီ တပ်တွေ ကျူးကျော်ဝင်ရောက်လာရာကနေ ဒီဒေသမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။