ထိုင်ဝမ်ရေလက်ကြားရောက် တရုတ်သင်္ဘောနောက် အမေရိကန်ဖျက်သင်္ဘာနောက်ယောင်ခံလိုက်

တရုတ်နိုင်ငံရဲ့ ရှန်တုန်း လေယာဉ်တင်သင်္ဘောဟာ ထိုင်ဝမ်ရေလက်ကြားကို ဒီနေ့ ဖြတ်သန်းခုတ်မောင်းခဲ့တာကြောင့် အမေရိကန် ဖျက်သင်္ဘောတစီးက နောက်ယောင်ခံ လိုက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ မဆွေးနွေးခင်လေးမှာ ကပ်ပြီး ဖြစ်သွားတာပါ။
ရှန်တုန်း လေယာဉ်တင်သင်္ဘောမှာ ပုံမှန် သင်တန်းအချိန်ဇယားရှိတယ်လို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက မတ်လ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နိုင်ငံ ရှားမဲန်းမြို့နဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ ရှိပြီး ထိုင်ဝမ်အစိုးရက ထိန်းချုပ်ထားတဲ့ ကင်းမဲန်းကျွန်းနားကို ဖြတ်ပြီး တရုတ်ပြည်မကြီးအစိုးရရဲ့ ရှန်တုံး လေယာဉ်တင်သင်္ဘောက ခုတ်မောင်းခဲ့တာလို့ မီဒီယာပြောခွင့်ရ မဟုတ်တဲ့ တရုတ်သတင်းရင်းမြစ်က ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့ မတ်လ ၁၈ ရက် နှောင်းပိုင်းမှာ ဖုန်းခေါ်ဆိုမှု ဆွေးနွေးမယ့် ကိစ္စနဲ့ မပတ်သက်သင့်ဘူးလို့ တရုတ် ကျောက်လိကျန်းက ပြောပါတယ်။