close

ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

ပြီးခဲ့သည့်ရက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထန်းဇင်ရွာမှ နေအိမ်များ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ထန်းဇင်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မတ် ၁၈ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့က ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၈ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က ဖြစ်ပြီး ဒေသခံပြည်သူ ၂ ဦးရဲ့ နေအိမ် ၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးသွားတာပါ။

မီးရှိုခံခဲ့ရတဲ့ အိမ်တွေဟာ ဦးခွေးဘိုနဲ့ ဦးတင့်ရွှေတို့ရဲ့ နေအိမ်တွေ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း ထန်းဇင်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၇ လုံး မီးလောင်ပြာကျသွားပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ယူသွားပါသေးတယ်။

အခုမတ်လဆန်းက ဒေသခံ PDF တပ်ဖွဲ့တွေက  စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ ဘန့်ဘေးရွာကို မကြာခဏ သွားရောက်တိုက်ခိုက်ခဲ့လို့ အခုလို လက်တုံ့ပြန်တာလို့ ဒေသခံတယောက်က ပြောခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်ရှိအချိန်ထိ ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာပဲ တပ်စွဲ နေထိုင်နေတာကြောင့် အနီးနားမှာရှိတဲ့ ဒေသခံပြည်သူတွေလည်း ဒီနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up