close

မိုင်းထောင်ထားသဖြင့် နန့်ရင်း‌ချောင်းတဖက်ကမ်း အရှေ့တောင်ဘက်တလျှောက် မသွားရန် ဟိုပင်ပြည်သူများကို သတိပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နန့်ရင်း‌ချောင်းတစ်ဘက်ကမ်း အရှေ့တောင်ဘက်တလျှောက်မှာ မိုင်းထောင်ထားကြောင်း ဒေသခံတွေ သိရှိလိုက်နာနိုင်ဖို့ မတ် ၂၀ ရက် ရက်စွဲနဲ့ ဟိုပင်PDF ကနေ ဒေသန္တရအမိန့်စာထုတ်ပြန်ထားပါတယ်။

ဟိုပင်မြို့နယ်အတွင်း စစ်‌ရေးအ‌ခြေအ‌နေတင်းမာ‌နေတဲ့အတွက် နန့်ရင်း‌ချောင်းတစ်ဘက်ကမ်း အရှေ့တောင်ဘက်တလျှောက်မှာ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ မိုင်း‌တွေ‌ထောင်ထားတယ်လို့ ဆိုပါတယ်။

တောင်ယာလုပ်ကိုင်သူတွေနဲ့ စီးပွားလုပ်ငန်းရှင်တွေအပါအဝင် ဟိုပင်ပြည်သူတွေအနေနဲ့ မတ် ၂၀ ရက်နေ့ အမိန့်စာထုတ်ပြန်တဲ့နေ့ကစပြီး တခြားအမိန့်တစုံတရာ မထုတ်ပြန်တဲ့အချိန်ထိ ဘယ်လိုအကြောင်းအရာပဲရှိရှိ တားမြစ်နေရာကို လာရောက်ခြင်းမပြုကြဖို့၊ တကယ်လို့ လာရောက်ခဲ့ရင် ဖြစ်ပေါ်လာတဲ့ ဘယ်လိုအကြောင်းအရာကို ဖြစ်စေ တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့ နန့်ရင်းချောင်းတဘက်ကမ်းမှာ မတ် ၁၉ ရက်နေ့ မနက် ၈ နာရီလောက်က စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိနာခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up