တရုတ်နိုင်ငံခြားရေးဝန်ကြီး အာဖဂန်နစ္စတန်ကို ရောက်ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ကို မတ် ၂၄ ရက်က သွားရောက်ခဲ့ပြီး အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန် မွတ်တာကီက ကြိုဆို ဧည့်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် တာလီဘန်တို့ အာဏာပြန်ရပြီးနောက် ရောက်ရှိလာတဲ့ တရုတ်အဆင့်မြင့်ခေါင်းဆောင်တဦးရဲ့ ခရီးစဉ်ပါ။
ဝမ်ယိဟာ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့မှာ ကျင်းပတဲ့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (OIC) နဲ့ ၂ ရက်တာ အစည်းအဝေးတက်ရောက်အပြီး ကာဘူးလ်မြို့ကို တိုက်ရိုက် ခရီးထွက်လာတာပါ။
တာလီဘန်တွေဟာ မနှစ်က အောက်တိုဘာမှာ အာဏာပြန်ရခဲ့ပြီး စက်တင်ဘာမှာ ကြားဖြတ်အစိုးရ ဖွဲ့ခဲ့ပေမဲ့ အခုထိ ဘယ်နိုင်ငံကမှ တာလီဘန်အစိုးရကို တရားဝင်အသိအမှတ် မပြုသေးပါဘူး။
အာဖဂန်နစ္စတန်ဟာ တရုတ်နဲ့ နယ်နမိတ် ၇၆ ကီလိုမီတာ ဆက်စပ်နေတာပါ။
အမေရိကန်တို့တပ်တွေ ပြန်ရုပ်သိမ်းပြီးနောက် အာဏာပြန်ရခဲ့တဲ့ တာလီဘန်တို့ကို တရုတ်က ပိုမိုတံခါးဖွင့်ပြီး လူမျိုးစု အားလုံးပါဝင်မယ့် အစိုးရတခု ထူထောင်ဖို့ တာလီဘန်တွေကို တိုက်တွန်းပါတယ်။