ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးသင့်ကြောင်း အသင်းဖော်အယ်လ်ဘာ တိုက်တွန်း

တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးသင့်ကြောင်း ဘာစီလိုနာ နောက်ခံလူ ယော်ဒီအယ်လ်ဘာ က တိုက်တွန်းပါတယ်။
ပြင်သစ်တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီဟာ ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာမှာ ထင်သလောက် ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ ခြေစွမ်းပြနေပါတယ်။
နောက်ဆုံး ၆ ပွဲမှာ ၆ ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးလည်း ရခဲ့တာပါ။ အသက် ၂၄ နှစ်ရှိ ဒမ်ဘီလီဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးဖြစ်ဖို့က မရောမရာဖြစ်နေသေးတာပါ။
နောက်ခံလူ ယော်ဒီအယ်လ်ဘာကတော့ ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်တာကြောင့် သက်တမ်းတိုးသင့်ပြီး အသင်းမှာဆက်ရှိဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
“ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးဖို့က အသင်းဘက်က လုပ်ဆောင်သင့်ပါတယ်။ သူက သူ့ရဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတဦးဖြစ်တယ်။ သူက စိတ်ဓာတ်ပိုင်းအရလည်း တက်ကြွနေပြီး ဘယ်လိုဆုံးဖြတ်မလဲဆိုတာမသိပေမယ့် အသင်းမှာဆက်ရှိဖို့ မျှော်လင့်ပါတယ်” လို့ ယော်ဒီအယ်လ်ဘာက ပြောပါတယ်။
ဘာစီလိုနာဒု-ဥက္ကဋ္ဌ ရာဖာကတော့ ဒမ်ဘီလီသာအသင်းမှာ ဆက်ပြီး ကစားချင်တယ်ဆိုရင် သူ့ရဲ့အေးဂျင့်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောဆိုထားပါတယ်။