စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ပေါ့ဘာ ပြော

ကစားသမားဘဝမှာ စိတ်ကျရောဂါ ခံစားခဲ့ရကြောင်းနဲ့ မိမိမှာ စူပါဟီးရိုးမဟုတ်ဘဲ သာမန်လူသားတဦးသာဖြစ်ကြောင်း မန်ယူအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက ပြင်သစ်သတင်းစာ Le Figaro နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ပေါ့ဘာဟာ လက်ရှိမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခြေစမ်းပွဲတွေ ကစားဖို့ ပြင်သစ်နိုင်ငံကို ရောက်ရှိနေတာပါ။
မန်ယူအသင်းကို လက်ရှိ ရိုးမားအသင်းနည်းပြ မော်ရင်ဟို ကိုင်တွယ်ချိန်က ပေါ့ဘာနဲ့ မော်ရင်ဟိုတို့အကြား ပြဿနာဖြစ်ပွားပြီး ၂၀၁၈ စက်တင်ဘာမှာ မော်ရင်ဟိုက ပေါ့ဘာကို ဒုအသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့တာကြောင့် စိတ်ကျရောဂါ ခံစားခဲ့ရကြောင်း ပေါ့ဘာက ပြောပါတယ်။