ရုရှားယဉ်ကျေးမှုကို အနောက်အုပ်စုက ဖျက်ဆီးနေဟု သမ္မတပူတင်စွပ်စွဲ

အနောက်အုပ်စုဟာ ဂီတလက်ရာတွေအပါအဝင် ရုရုားနိုင်ငံရဲ့ တခြား ယဉ်ကျေးမှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
ရုရှားဂီတစာဆိုတွေဖြစ်တဲ့ ပျူတာချိုင်ကော့စကီး၊ ဒီမစ်ထရီ ရှိုစတာကိုဗစ်ရှ်နဲ့ ဆာဂေ ရက်မာနီနော့ဗ်တို့ရဲ့ ကြီမားတဲ့ဂီတလက်ရာတွေအပါအဝင် တခြားရုရုားယဉ်ကျေးမှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်ဆိုပြီး စွပ်စွဲလိုက်တာပါ။
မတ်လ ၂၅ ရက်က ရုရှားယဉ်ကျေးမှုအဖွဲ့နဲ့ တွေ့ဆုံရာမှာ ပူတင်က “အနောက်အုပ်စုက ကျနော်တို့ လူမျိုးရဲ့ နှစ်ထောင်ချီတဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးဖို့ လုပ်နေတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း အနောက်နိုင်ငံတွေမှာ ရုရှားဂီတဖျော်ဖြေပွဲ ပွဲအစဉ်တချို့ ဖျက်သိမ်းခံရမှုကို ရည်ညွှန်းပြီး သမ္မတပူတင်က ပြောလိုက်တာပါ။