close

ပခုက္ကူမြို့ရှောင်လမ်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူ မြို့ရှောင်လမ်းမှာ မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီဝန်းကျင်က ဆိုင်ကယ်နဲ့ ကင်းလှည့်စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၆ ဦး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အသံကြားရတာတော့ ၂ လုံးက အကျယ်ကြီးပဲ၊ ကျန် ၃ လုံးကတော့ သိပ်မကျယ်ဘူး၊ အသံကအုံထွက်တာ။”

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF နဲ့ Pakokku North PDF မဟာမိတ်နှစ်ဖွဲ့က  ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဒေသခံတဦးက “ကင်းလှည့်တဲ့စစ်သားတွေပါ။ ညတိုင်း သူတို့ ကင်းလှည့်ကြတယ်။ သေနတ်ပစ်ဖောက်တာတွေ၊ မူးရူးပြီး အော်ဟစ်ဆဲဆိုတာတွေ ရှောင်တခင်စစ်ဆေးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

စစ်​ကောင်စီတပ်သားတွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မြို့ရှောင်လမ်းအနီးက ယောကျာ်းလေး၊ မိန်းကလေးအကုန် လိုက်စစ်နေတယ်လို့ သိရပါတယ်။

မြို့ရှောင်လမ်းမှာ နေ့စဉ်လိုလို ပတ်ကင်းလှည့်တဲ့ စစ်ကောင်စီတပ်သားတွေက သောက်စားမူးယစ်ပြီး သူတို့ စစ်ချင်တဲ့ နေအိမ်တွေကို ဝင်စစ်ကာ ပြည်သူတွေဆီကနေ တန်ဖိုးကြီးပစ္စည်းတွေ အတင်းယူဆောင်သွားကြသလို လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေ လည်း ရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up