close

မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုလျှံဖြိုးအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

မကွေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်လိုက်လို့ ကိုယ်အင်္ဂါချို့ယွင်းသွားခဲ့ရတဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုလျှံဖြိုးအောင်ကို တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သူ့ရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့  မကွေးမြို့ဆန္ဒပြပွဲမှဦ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ကိုလျှံဖြိုးအောင်ရဲ့ ညာဘက်လက်တဘက်နဲ့ ညာဘက်မျက်လုံး တစ်လုံး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ကိုလျှံဖြိုးအောင်ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုပြီး ဇွန်လ ၇ ရက်နေ့မှာ ခုတင် ၁၀၀ စစ်ဆေးရုံကနေ မကွေးအကျဉ်းထောင်ကို ပို့ဆောင် ချုပ်နှောင်ထားခဲ့ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီရဲ့တရားရုံးက သူ့ကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာလို့ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ်  ကိုလျှံဖြိုးအောင်ဟာ မကွေးနည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ဒုတိယနှစ်မှာ ပညာသင်ကြားနေတာဖြစ်ပြီး စစ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ ဆန္ဒပြတဲ့အချိန်မှာ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up