close

အော်စကာဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူကို ပါးရိုက်ခဲ့သည့် ဝီလ်စမစ်သ် ပြန်တောင်းပန်

အော်စကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနားမှာ အစီအစဉ် တင်ဆက်သူကို ပါးရိုက်ခဲ့သည့် သရုပ်ဆောင်မင်းသား ဝီလ်စမစ်သ်က သူ့ရဲ့လုပ်ရပ်အတွက် လူမှုကွန်ရက်ကနေ ပြန်တောင်းပန်လိုက်ပါတယ်။  

မတ် ၂၈ ရက် မနေ့က  ကျင်းပတဲ့ ၉၄ ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနားကို တကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ပြီး၊ သရုပ်ဆောင်မင်းသား ဝီလ်စမစ်သ်က အစီအစဉ် တင်ဆက်သူ ခရစ်ရော့ခ်ကို ရုတ်တရက် ရှေ့ထွက် ပါးရိုက်ခဲ့တာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ 

ဝီလ်စမစ်သ်ရဲ့ဇနီး ကတုံးဆံပင်နဲ့ ဂျာဒါပင်ကက်စမစ်သ်ဟာ မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကားရိုက်ရင် ဝင်သရုပ်ဆောင်လို့ ရပြီလို့ ခရစ်ရော့ခ်က အရွှန်းဖောက်လိုက်တာပါ။ 

ဆံပင်ကျွတ်ရောဂါ (Alopecia) ခံစားနေရတဲ့ ဇနီးသည်အတွက် မခံမရပ်နိုင်ဖြစ်ပြီး စမစ်သ်က ပါးရိုက်လိုက်တာပါ။

“မင်းပါးစပ် ပိတ်ထား ငါ့မိန်းမနာမည် မပြောနဲ့” လို့လည်း ဒေါသတကြီးနဲ့ ပြောပါတယ်။

 ဝီလ်စမစ် က ‘King Richard’ ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုလည်း ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up