close

မြန်မာကုန်စည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တရားမဝင်တင်ပို့မှု ပိုများလာ

မြန်မာဘက်က ကုန်စည်တွေကို ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ယာအနီးရှိ နှစ်နိုင်ငံနယ်စပ်မျဥ်းကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခွန်မဆောင်ဘဲ တရားမဝင်တင်ပို့မှု ပိုများလာတယ်လို့ သိရပါတယ်။

“နှစ်နိုင်ငံ နယ်စပ်မျဥ်းကနေ အားလုံးခိုးပို့နေကြတာ။ အဓိက ပို့နေကြတာတော စီးကရက်နဲ့ Coffee Mix အဓိက ပို့နေကြတာ။ တရားဝင်စခန်းလို ဖြစ်နေတာ။ နယ်ခြားစောင့်တွေလည်း ပိုက်ဆံရရင်လွှတ်ပေးထားကြတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဘင်္ဂလာ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မူအား တရားဝင်ဖွင့်ထားပေမယ့် အခွန်မဆောင်ဘဲ တရားမဝင် လမ်းကြောင်းတွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာဘက်က ကုန်ပစ္စည်းမျိုးစုံ ခိုးပိုနေကြတာပါ။

ကုန်စည်တွေကို မောင်တောမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ကားတွေနဲ့ ကျီးကန်းပြင်၊ ကြိမ်​ချောင်း ၂၄ ဂိတ် စတဲ့ စစ်ဆေးရေးဂိတ်တွေမှာ အပေးအယူလုပ်ပြီး တရားမဝင် တင်ပို့နေကြတာလို့ ဆိုပါတယ်။

"သူတို့ကားတွေက လိုင်စင်မဲ့တွေ။ သူတို့က စစ်ဆေးရေးဂိတ်တွေက တောင်းသလောက်ငွေပေးနိုင်ကြတယ်။ ကျနော်တို့ ကားတွေက တရားဝင်လိုင်စင်နဲ့ကားတွေ စစ်ဆေးရေးဂိတ်တွေက တောင်းသလောက် ကျနော်တို့မပေးနိုင်ဘူး။ မပေးနိုင်တော့ ကျနော်တို့ကားတွေမှာ ပါလာတဲ့ပစ္စည်းတွေဆို ဖမ်းတယ်။ သူတို့နဲ့ ပြေလည်တဲ့ကားတွေဆို စစ်တောင်မကြည့်ဘူး" လို့ မောင်တောမြို့ကနေ တောင်ပြိုကို ကုန်ပစ္စည်းတွေ သယ်ယူနေတဲ့ ကားသမားတဦးက ပြောပါတယ်။

မောင်တောကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင့်မြင့်သိန်းက “တရားမဝင်လမ်းကြောင်းကနေ ကုန်တွေပို့နေတော့ နိုင်ငံတော် အခွန်ဝင်ငွေနစ်နာတာပေါ့။ ဒါတွေကို အာဏာပိုင်တွေ၊ လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့တွေနဲ့ ကားအသင်းအဖွဲ့တွေ ညှိနှိုင်းဆွေးနွေးပြီး နောက် ဆက်ဖြစ်လာရင် အရေးယူမူတွေ ပြုလုပ်သွားမယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up