ယူကရိန်းသို့ လက်နက်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီး ပြော

ဂျာမနီအစိုးရဟာ လောလောဆယ်မှာ ယူကရိန်းနိုင်ငံကို လက်နက်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီး ခရစ္စတင်း လမ်ဘရန့်ချ်က မတ် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းအစိုးရကို လက်နက်လုံလောက်အောင် မပေးလို့ ဂျာမနီအပေါ် ဝေဖန်နေကြတာကို တုံ့ပြန် ပြောဆိုလိုက်တာပါ။
“ယူကရိန်းနဲ့ပတ်သက်ရင် ဂျာမနီဟာ လောလောဆယ် လက်နက် ဒုတိယအများဆုံး ပံ့ပိုးသူနိုင်ငံ ဖြစ်လာနေတယ်လို့ ကျမယုံတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောမနေဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ကူညီဖို့ ကျမတို့အတွက် အရေးကြီးတယ်” လို့ သူက အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ ကျင်းပတဲ့ အတ္တလန္တစ်ကောင်စီ တတ်သိပညာရှင်များ အစည်းအဝေးမှာ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။