close

ဧရာဝတီတိုင်းတွင် ၁၀ တန်းစာမေးပွဲကတ်ဖိုး ဝန်ထမ်းများက ငွေ ၅၀၀ တောင်း

ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့ ကတ်တွေ ထုတ်ယူချိန်မှာ ဆိုင်ကယ်ဆီဖိုးအနေနဲ့ ပိုက်ဆံ ၅၀၀ ကောက်ခံနေတယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ ကတ်တွေကို မတ် ၂၄ ရက်နေ့က စတင်ထုတ်ပေးခဲ့တာဖြစ်ပြီး ထုတ်ပေးတဲ့သူတွေက စာရွက်စာတမ်းကြေး အကြောင်းပြကာ ငွေ ၅၀၀ ကောက်ခံနေတာလို့ ကျောင်းသာမိဘတွေက ပြောပါတယ်။

“ကောက်တာတော့ စာရွက်စာတမ်းကြေးလို့ ပြောတယ်၊ အရစ်မခံချင်လို့ ပေးလိုက်တယ်။ ငွေ ၅၀၀ ဆိုတာ ဒီခေတ်မှာ ဘာမှမဟုတ်ဘူးလေ၊ လူဦးရေ များရင်တော့ သိန်းနဲ့ချီရမှာပေါ့။ အဓိက ကလေးကို နောက်တနှစ် မအောက်စေချင်တော့လို့သာ ကျောင်းထားရတာပါ။ ကောင်းတဲ့သူတွေ မဟုတ်တာ သိတယ်၊ ဒါပေမဲ့ သူတို့ကတော့ ရသလို ယူနေမှာဆိုတာ သိတယ်” လို့ ကျုံပျော်မြို့ခံ ကျောင်းသားမိဘတဦးက ပြောပါတယ်။

မြို့နယ်အများစုမှာ ကတ်ထုတ်ပေးချိန်မှာ ငွေကောက်ခံဖို့ ကြိုတင်ညှိနှိုင်းထားတာဖြစ်ပြီး တချို့မြို့နယ်တွေမှာ တော့ ၃၀၀၀ အထိ ပေးရတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၄ သောင်းကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ တိုင်းပညာရေးမှူးရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up