ဘင်္ဂလားဒေ့ရှ်တွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဥပုသ်လပြင်ဆင်မှု ထိခိုက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာ မရှိမဖြစ် ကုန်စည်တွေရဲ့ ဈေးနှုန်း မြင့်တက်လာလို့ မွတ်စလင်တို့ရဲ့ ရာမာဒန် ဥပုသ်လ နီးကပ်လာချိန် ပြင်ဆင်နေတာကို ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်ဈေးနှုန်းတွေတက်နေလို့ ဝင်ငွေနည်း ဒေသခံတွေအတွက် အစိုးရက ထောက်ပံ့မှုနှုန်းထားနဲ့ ကုန်စည်တွေကို ဝယ်နိုင်ဖို့ ကမ်းလှမ်းပေးခဲ့တယ်လို့ စီးပွားရေးဝန်ကြီး တီပူမန်ရှီကို ကိုးကားပြီး ဒေသခံမီဒီယာ The Daily Star က ဖော်ပြပါတယ်။
ပစ္စည်းဝယ်ဖို့ တန်းစီနေတဲ့ အမျိုးသမီးတယောက်က “ဒေသတွင်း ဈေးတွေထဲက ဈေးနှုန်းကို ထိန်းချုပ်ဖို့ အစိုးရကို ကျနော်တို့ မေတ္တာရပ်ခံထားတယ်။ ဒါဆိုရင် ကျနော်တို့လမ်းထဲမှာ အမောတကော ပြေးနေစရာ မလိုတော့ဘူးပေါ့။ ရာမာဒန်မတိုင်ခင် ကျမတို့ဟာ ထောက်ပံ့နှုန်းထားနဲ့ ကုန်စည်တွေရဖို့ တအားဒုက္ခရောက်ရတယ်” လို့ ပြောပါတယ်။
ရာမာဒန်ဥပုသ်ကာလမှာ ဝါဖြေချိန်မှာ စားရတဲ့ ဝယ်လိုအားများပြီး တခြားကနေ တင်သွင်းရတဲ့ သစ်သီးဈေးပါတက်နေတယ်လို့ လက်ကားကုန်သည်တွေက ပြောပါတယ်။
ကမ္ဘာ့ရေနံဈေးတက်နေလို့ အထွေထွေကုန်ဈေးနှုန်း တက်နေတာလို့လည်း ယူဆနေကြပါတယ်။